jump to navigation

ကိုလူလှ အကြောင်း October 11, 2008

Posted by koluhla in Uncategorized.
comments closed
vilain

vilain

အရင်ဆုံး ကျွန်တော်အကြောင်းကျွန်တော်စပြောချင်ပါတယ် ဘာလို့လဲဆိုတော့က ကျွန်တော်အကြောင်းကို သိပြီးမှ ကျွန်တော် ဘာတွေရေးမယ်ဆိုတာကို အားလုံးသိကြမှာပါ ကျွန်တော်ကတော့ ကွန်ပျူတာနဲ့ပတ်သတ်တာတွေရေးမယ်လို့ စိတ်ကူထားတယ် ဘာလို့လဲဆိုတော့က ဒီခေတ်ကြီးမှာ ကွန်ပျူတာသာ အရေးပါဆုံးဖြစ်နေတာကိုးဗျ ခင်ဗျားတို့သိကြတဲ့အတိုင်းပဲ ကွန်ပျူတာကို လူတိုင်းကစိတ်ဝင်စားကြတယ် ကွန်ပျူတာအကြောင်းရေးမှာဆိုလို့ အထင်မကြီးပါနဲ့ တခြား website တွေကနေ ပြီ အားလုံးစုပေါင်းပြီးတင်ပေးမှာဖြစ်ပါတယ် ……….. ဟဲဟဲ

ကျွန်တော်နာမည်ကတော့ ကိုလူလှပေါ့ဗျာ သူငယ်ချင်းတွေကတော့ လူလှ လို့ခေါ်ကြတယ် မိဘတွေနဲ့ဆွေမျိုးတွေကတော့ ကိုလူလှခေါ်ကြတယ်  ကျွန်တော်က နည်းပညာတက္ကသိုလ်က ဆောက်လုပ်ရေးနဲ့ပတ်သတ်တဲ့ ဘာသာရပ်ကို လေ့လာနေတယ် ဒါပေမယ့် ၀ါသနာပါတာကတော့ ကွန်ပျူတာနဲ့ပတ်သတ်တာတွေပေါ့ အားလုံးကို လည်း မသိတာလေးတွေ ဒီမှာ သိအောင်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်

ကျွန်တော်မှာ အဖေမရှိတော့ပါဘူး အမေကတော့ သူအလုပ်နဲ့သူပေါ့   ကျွန်တော်မှာ ညီလေးတစ်ယောက်ရှိတယ် ကျောင်းစာ စိတ်မ၀င်စားဘူးဆိုပြီးသာသနာ့ဘောင် ၀င်လေရဲ့ ……….

ညီမလေးကတော့ ကျောင်းနေတုန်းပဲ အဲ အစ်ကိုကြီးဆုံးကတော့ တပ်ကြပ်ကြီးစာရေး လုပ်နေလေရဲ့  ကျွန်တော်ကို ကျွန်တော့ အဖွားနဲ့ ဦးလေးက ခေါ်ပြီးမွေးစားထားတယ် ကျောင်းထားပေးတယ် ဒါတွေထားပါတော့

အခုခင်ဗျားတို့ကို ပြောချင်တာက ကွန်ပျူတာ ဆိုတာ ဘာမှန်းမသိရင် Software ဆိုတာဘာမှန်းမသိရင် Hardware ဆိုတာဘာမှန်းမသိရင် ခေတ်နောက်ကျတယ်လို့ ဆိုရမယ့်ခေတ်ကိုရောက်နေလေတော့ အားလုံးကို ဗဟုသုတလည်းရအောင် မသိတာလေးတွေလည်းသိအောင် ကျွန်တော် အပင်ပန်းခံ ပြီး စုဆောင်းထားတဲ့ ကွန်ပျူတာနဲ့ပတ်သတ်တာလေးတွေကို ပေါင်းစည်း တင်ဆက်လိုက်ရပါတယ်